Channel Myanmar

New releases (2024)

Content at random


Movies

SEE ALL
Thelma the Unicorn (2024) 6.2
Thelma the Unicorn (2024)  Thelma The Unicorn ဇာတ်ကားဟာ Netflix ရဲ့2024 နောက်ဆုံးထွက် musical animationဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်အဓိက character ဖြစ်တဲ့ မြင်းမလေး Thelma ကိုအသံသရုပ်ဆောင်ပေးထားတာကတော့ ဂရမ်မီဆုတွေရထားတဲ့ Brittany Howard ဖြစ်လို့ သီချင်းတွေမကောင်းမှာကို လုံးဝစိတ်ပူစရာ မလိုပါဘူး။ ဇာတ်လမ်းလေးကတော့နာမည်ကျော်အဆိုတော် ဖြစ်ချင်တဲ့ မြင်းပုမလေးThelma ဟု သူ့ရဲ့အပေါ်ယံရုပ်ရည်ကြောင့် အိပ်မက်တွေလက်တွေ့ဖြစ်ဖို့ အလှမ်းဝေးနေပါတယ်။ အဲဒီချိန်မှာမတော်တဆမှုတစ်ခုကြောင့် မြင်းပုလေးကနေunicorn အဖြစ် ပြောင်းသွားချိန်မှာ အောင်မြင်မှုတွေကပိုနီးလာမလား ပိုဝေးသွားမလား သူ့ရဲ့မိတ်ဆွေစစ်မိတ်ဆွေတုတွေကရော သူ့ကို ဘယ်လိုဆက်ဆံကြမှာလဲစတဲ့ ဇာတ်လမ်းလေးကို အကောင်းဆုံး သီချင်းတွေနဲ့ထိုင်ရာမှ မကြွ အစအဆုံးကြည့်နိုင်အောင် ဆွဲဆောင်နိုင်မဲ့ဇာတ်ကားကောင်းလေး ဖြစ်ပါတယ်.... File size… 2.47GB / 1.16GB Quality…NF WEB-DL1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Animation , Adventure , Comedy Subtitle….Myanmar Subtitle ...
movie

Thelma the Unicorn (2024)

Bastar: The Naxal Story (2024) 6
Bastar: The Naxal Story (2024) Bastar: The Naxal Story 2024 "ရဲရင့်စစ်သည်တော်" IMDb - 6.4/10မင်းသမီးချော အက်ဒါးရှာမာ ခပ်ကြမ်းကြမ်းသရုပ်ဆောင်ထားတဲ့ ရုပ်ရှင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဆတ္တိံသဂြဟပြည်နယ် ဘက်စတာဒေသမှာရှိတဲ့ မော်ဝါဒီနာဇယ်သူပုန်တွေရဲ့ သောင်းကြမ်းမှုတွေကို အခြေခံပြီးရိုက်ကူးထားခြင်းပဲ ဖြစ်ပါတယ်။နီးရ်ဂျာဆိုတာ ဘက်စတာမှာရှိတဲ့ နာဇယ်အမည်ခံသောင်းကြမ်းသူတွေကို ရှင်းလင်းဖို့တာဝန်ကျနေတဲ့ စစ်သည်တစ်ဦး။ သူ့လုပ်ရပ်နဲ့ ရပ်တည်ချက်တွေကြောင် ဘက်စတာကပြည်သူတွေ သဲသဲလှုပ်ချစ်တာခံရပါတယ်။ ဒါပေမဲ့လည်း နိုင်ငံရေးအလှည့်အပြောင်းတွေကြောင့် ဘက်စတာမှာရှိတဲ့ပြည်သူတွေကို ရက်ရက်စက်စက်ညှင်းပန်းနှိပ်စက်နေတဲ့ နာဇယ်တွေကိုခြေမှုန်းနေတဲ့ နီးရ်ဂျာတစ်ယောက် တရားစွဲခံရပါတယ်။တိုက်ပွဲမှာဒဏ်ရာရခဲ့တဲ့ နီးရ်ဂျာ သူ့တပ်ဖွဲ့တွေကိုဘယ်လိုစီမံပြီး မခံချင်စိတ်နဲ့ နာဇယ်တွေကိုပြန်တွန်းလှန်နေတဲ့ လူတွေ ဘယ်လိုအောင်နိုင်သွားမလဲဆိုတာ ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size… 3.4GB/ 1.26GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 4m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Bastar: The Naxal Story (2024)

2024
Hot Spot (2024) 7
Hot Spot (2024) Hot spot 2024 ကြုံရဆုံရလူ့ဘဝဒီနေ့မှာတော့ ထူးထူးခြားခြား underrated ဖြစ်နေတဲ့ လူကြီးတွေကြည့်သင့်တဲ့ Adult comedy dramaလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါပြီဗျ။adult ဆိုလို့ ညစ်ညစ်ညမ်းညမ်းပြောတာတွေ အိပ်ရာခန်းတွေများနေတာမျိုးမဟုတ်ဘဲ ကျွန်တော်တို့ လူမှုဘဝမှာ ‌ဖြစ်နေကြအစဉ်အလာလိုဖြစ်နေပေမဲ့ normalizeမဖြစ်သင့်တဲ့အရာတွေကို မတူညီတဲ့ ဇာတ်လမ်း 4 ပုဒ်နဲ့ တင်ဆက်သွားမှာဆိုတော့ ပညာပေးတစ်ဖြစ်လည်း အမှန်အမှားကို ကိုယ်တိုင်ဆုံးဖြတ်ရမယ့် ဇာတ်လမ်းလေးတစ်ပုဒ်ပေါ့။Anthology movie လေးဖြစ်တာမလို့ ဇာတ်လမ်းတစ်ခုကို မိနစ် 30 ဝန်းကျင်နဲ့ ဆက်စပ်မှုမရှိတဲ့ ဇာတ်လမ်းလေးခု၊ ဇာတ်လမ်းတစ်ခုစီမှာ လူ့ဘောင်အဖွဲ့အစည်းရဲ့ မတူညီတဲ့ပြဿနာတစ်ခုစီ မြင်ရမှာပါ။ ဆိုတော့ ဇာတ်လမ်းလေးကိုဆက်ကြပါစို့။ပထမဆုံးဇာတ်လမ်းမှာတော့ အိမ်ထောင်ရေးတိုင်းမှာ မပါမဖြစ် ယောက္ခမ ချွေးမပြဿနာပေါ့။ ဗီဂျေးကတော့ ချစ်ရသူဒန်ယာနဲ့လက်ထပ်ရင် ချွေးမကို ယောက္ခမကနှိမ်တာ ဖိနှိပ်တာတွေကို တွန်းလှန်မယ်လို့ ကြွေးကြော်ထားလေရဲ့။ အချစ်က ရက် 60 တဏှာက ရက် 30 အိမ်မှုကိစ္စကတော့ တစ်သက်လုံးဆိုတာကို အိမ်ထောင်ရှင်ထီးလေး ဗီဂျေး ဘယ်လိုရင်ဆိုင်မလဲ။ဒုတိယဇာတ်လမ်းမှာတော့ အချစ်ဟာမျက်စိမပါဘူးဆိုပေမဲ့ သွေးသားတော်စပ်နေတဲ့မောင်နှမမှန်းမသိ ...
movie

Hot Spot (2024)

2024
Kade Dade Diyan Kade Pote Diyan (2024) 6
Kade Dade Diyan Kade Pote Diyan (2024) ဒီဇာတ်ကားကတော့ IMDbမှာ rating 6.1 အထိ ရရှိထားတဲ့ ကားလေးပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဂိုဂဲနဲ့ ကာမာလ်ဟာ တစ်ယောက်ကို တစ်ယောက် အရမ်းချစ်ကြပြီးတော့ လက်ထပ်ချင်နေကြတဲ့ ချစ်သူတွေပဲဖြစ်ကြပါတယ်၊ ဒါပေမဲ့လည်း ကာမာလ်ရဲ့ အဘွားကတော့ သူတို့နှစ်ယောက်လက်ထပ်မှာကို သဘောမတူချင်ဘူးတဲ့။အဲဒီတော့ ဂိုဂဲက ကာမာလ်ရဲ့ အဘွားဖြစ်သူ သေသွားပါစေဆိုပြီးတော့ ဆုတောင်းလိုက်တာ အဘွားက တကယ်ပဲ သေသွားပါတော့တယ်။ သူ့ဆုတောင်း တကယ်ပြည့်သွားတဲ့အချိန်မှာ ဂိုဂဲက လန့်သွားတာပေါ့။ အဲဒီလိုနဲ့ သူလည်း သူတို့နှစ်ယောက်ရဲ့ မင်္ဂလာပွဲအတွက် အဆင်ပြေပြီလို့ ထင်ခဲ့ပေမဲ့ အဘွားရဲ့ ဝိညာဥ်ကို ပြန်တွေ့လိုက်ရတော့ သူ့ကို မြင်နေရပါတယ်ဆိုတဲ့အကြောင်းကို တခြားသူတွေကို သက်သေပြဖို့ လုပ်ပါလေရော။ဒါပေမဲ့လည်း သူကလွဲပြီး တခြားဘယ်သူမှမမြင်ရတော့ ဒုက္ခရောက်နေတော့တာပေါ့။ အဲဒီလိုနဲ့ တစ်ရက်ကျတော့ ဂိုဂဲကို ဘုရားကျောင်းက ဘုန်းကြီးကနေ သူ့အဘိုးဝိညာဥ်ကို ခေါ်ပြီး အကူအညီတောင်းခိုင်းဖို့ အကြံပေးတော့ အကြံအတိုင်း လုပ်ဖြစ်လိုက်ရော။ ဒါပေမဲ့ ဖြစ်ချင်တော့ အဘိုးရဲ့ ဝိညာဥ်ကို မြင်ရတာက ကာမာလ်တစ်ယောက်ပဲ ဖြစ်နေတယ်တဲ့။ ဒီလိုအရှုပ်တွေ၊ အမှားတွေကြားကနေ ...
movie

Kade Dade Diyan Kade Pote Diyan (2024)

2024
Threads (1984) 8.0
Threads (1984)  ဒီတစ်ခေါက်ကတော့ IMDb 8/10 ရရှိထားပြီး Rotten tomatoes မှာ 100%ထိရရှိထားတဲ့ အမေရိကန်နဲ့ ဆိုဗီယက်ပြည်ထောင်စုကြားက စစ်ပွဲကာလအတွင်း ရိုက်ကူးထားတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီဇာတ်ကားမှာတော့ နျူကလိယစစ်ပွဲအကြောင်းနဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေအပြင် စစ်အတွင်း စီမံအုပ်ချုပ်ပုံတွေ လူ့သဘာဝတွေကိုပါ ရိုက်ကူး တင်ဆက်ပေးထားတာပါရုသ်နဲ့ ဂျင်မီတို့ဟာ သမီးရည်းစားတွေဖြစ်ပြီး ခြေလွန်လက်လွန်ဖြစ်ကာ ရုသ်တစ်ယောက် ကိုယ်ဝန်ရသွားပါတော့တယ်။ ဒီလိုနဲ့ ဂျင်မီနဲ့ ရုသ်တို့ လက်ထပ်ဖို့ အကြောင်းဖန်လာပေမဲ့ အချိန်ကာလအားဖြင့် စီးပွားရေးကျဆင်းမှုဖြစ်ပေါ်နေပြီး အမေရိကန်နဲ့ ဆိုဗီယက်တို့ စစ်ရေးဟာလည်း တင်းမာနေချိန်ဖြစ်ပါတယ်။ ရုသ်နဲ့ ဂျင်မီတို့ အတူတူနေထိုင်နိုင်ရန် ကြိုးစားနေကြချိန် သူတို့မြို့လေးရဲ့ မိုင် ၂၀အကွာ နေတိုး အခြေစိုက်စခန်းဟာ နျူကလိယနဲ့ တိုက်ခိုက်ခြင်းခံလိုက်ရပါတယ်။ ဒီလိုနဲ့ ရုတ်ရုတ်သဲသဲဖြစ်သွားချိန် သူတို့စုံတွဲလည်းကွဲကွာသွားကြပါတော့တယ်။စစ်ပွဲအတွင်း ပြည်သူတွေရဲ့ အခက်အခဲတွေ ရှင်သန်နိုင်အောင်ရုန်းကန်ကြပုံတွေ တာဝန်ရှိသူတွေရဲ့ စီမံခန့်ခွဲပုံတွေအပြင် နျူကလိယရဲ့ ကြောက်မက်ဖွယ် အဖျက်စွမ်းအား ...
movie

Threads (1984)

Time Addicts (2023) 5.3
Time Addicts (2023)  ဒီဇာတ်လမ်းလေးကတော့ စိတ်ကူးယဉ်ဆန်ဆန်နဲ့ ကြည့်လို့ကောင်းမယ့်ကားကောင်းလေးတစ်ကားပါဒနိစ့်ဆိုတဲ့ကောင်မလေးတစ်ယောက်နဲ့ ဂျွန်နီဆိုတဲ့ ကောင်လေးတို့က သူငယ်ချင်းတွေဖြစ်ပြီး ခိုးဆိုးလုနှိုက်နဲ့ မူယစ်ဆေးကိစ္စပါမကင်းတဲ့ လူငယ်တွေပါ တနေ့မှာသုံးစရာဆေးမရှိတော့လို့ ကိန်းဆိုတဲ့လူဆီဆေးသွားဝယ်ရာကနေ ပေးစရာပိုက်ဆံမရှိလို့အပေးအယူအ‌နေနဲ့ ခိုးမှုတစ်ခုလုပ်ခဲ့ကြပါတယ်အဲဒီလိုနဲ့သူတို့သွားခိုးခဲ့တာက ဘယ်သူမှနားမလည်နိုင်မဲ့ဆေးတွေဖြစ်နေပြီး သုံးလိုက်တာနဲ့ အတိတ်နဲ့အနာဂတ်ကို ကျော်လွှားလို့ရနေတာမျိုးဆိုတော့ သူတို့တွေဘာတွေဆက်လုပ်ကြမလဲ အတိတ်နဲ့အနာဂတ်ကိုရောက်သွားကြရင်ဘယ်လိုအရှုပ်တော်ပုံတွေနဲ့ရင်ဆိုင်ရမလဲဆိုတာ ရင်ခုန်စွာနဲ့ကြည့်ရမယ့် ကားကောင်းလေးတစ်ကားဖြစ်ပါတယ် File size…(1 GB)/(500 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre... Sci-fi, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by C.M Minhtike
movie

Time Addicts (2023)

Hanky Panky (2023)
Hanky Panky (2023)  Hanky Panky ဆိုတဲ့ဇာတ်ကားဟာ 2023 ခုနှစ်မှာထွက်ရှိခဲ့တဲ့ American comedy horror ရုပ်ရှင်ဖြစ်ပါတယ်။ဆမ်ဆိုတဲ့သူဟာ နှင်းတောင်ကြားမှာရှိတဲ့ သစ်လုံးအိမ်လေးဆီကိုအားလပ်ရက်မှာအပန်းဖြေခရီးလာဖို့ စာပို့အဖိတ်ခံရလို့သွားဖြစ်ခဲ့ပါတယ်။မသိတဲ့လူတွေနဲ့အားလပ်ရက်မှာအတူနေရင်း ကမ္ဘာကြီးကိုသိမ်းပိုက်ဖို့ကြိုးစားနေတဲ့မကောင်းဆိုးဝါးနဲ့ကြုံလာရတော့ ဆမ်နဲ့သူ့ရဲ့စကားပြောတဲ့လက်ကိုင်ပဝါလေးအပါအဝင် တခြားသူတွေဟာသစ်လုံးအိမ်ကနေအသတ်မခံရဖို့ထွက်ပြေးရင်း မကောင်းဆိုးဝါးကောင်ကိုဘယ်လိုနှိမ်နင်းကြမလဲဆိုတာကို ကြည့်ရှုရမှာပါ။ File size…(1.8 GB)/(950 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:26:00 Genre... Comedy, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Lycoris
movie

Hanky Panky (2023)

Migrant Harvester ( 2024 ) 5.8
Migrant Harvester ( 2024 ) စစ်ပြီးခေတ် အုပ်ချုပ်ရေးမတည်ငြိမ်တဲ့အချိန်မှာ မသမာသူတွေကအင်အားကြီးပြီး ပြည်သူတွေကို ဂုတ်သွေးစုပ် ကြီးစိုးနေကြတယ်။ ပြည်သူတွေစည်းလုံးပြီး ဒီလူဆိုးတွေကိုပြန်တော်လှန်ဖို့လိုအပ်နေတဲ့အချိန်မှာ ရာသီကောက်ရိတ်သမားတစ်ယောက်ရောက်လာခဲ့တယ်။မတရားအနိုင်ကျင့်ခံနေရတဲ့ စားသောက်ဆိုင်ပိုင်ရှင်တို့သားအဖကို ကယ်တင်လိုက်ရာကနေပြီးတော့ ချန်ကျိုးကပြည်သူတွေအတွက် ဒီလူဆိုးအင်အားစုကိုတော်လှန်ဖို့ မျှော်လင့်ချက်တစ်ခုဖြစ်လာခဲ့တယ်။ ပြည်သူတွေကကောက်ရိတ်သမားနဲ့အတူ ဘယ်လိုတော်လှန်ကြမလဲဆိုတာ ဟာသလေးနှောပြီးတင်ဆက်ထားတာပဲဖြစ်ပါတယ်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Action Runtime : 2h 3 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK  
movie

Migrant Harvester ( 2024 )

What the Peeper Saw (1972) 5.8
What the Peeper Saw (1972) IMDb Rating - 5.8/10(18+ အခန်းတချို့ပါဝင်၍ အသက်ရွယ်မပြည့်သူများနှင့် မိသားစုဝင်များအတူတကွ ကြည့်ရှုရန်မသင့်တော်ပါ)မားကပ်စ်ရဲ့အမေရင်းဆုံးသွားပြီးတဲ့နောက်အယ်လီစ်က မားကပ်စ်ရဲ့အဖေပေါလ်နဲ့လက်ထပ်ခဲ့ပြီးသူတို့အိမ်ကိုပြောင်းနေခဲ့ပါတယ်။ မားကပ်စ်နဲ့စတွေ့ပြီးနောက်ပိုင်း အယ်လီစ်က မားကပ်စ် ရဲ့အပြုအမူတွေမူမမှန်တာထူးဆန်းနေတာကိုစတင်သတိထားမိလာပြီးမားကပ်စ်က သူ့အမေသေဆုံးမှုနဲ့ပတ်သတ်ပြီးလျှို့ဝှက်ထားတာတွေရှိနိုင်တယ်လို့သံသယဝင်လာပါတော့တယ်။ အယ်လီစ်က အမှန်တရားကိုဖော်ထုတ်ဖို့ကြိုးစားရင်းမိသားစုအတွင်းမှာဖြစ်လာတဲ့စိတ်ဖိစီးမှုတွေ,မယုံကြည်မှုတွေ,အလိမ်အညာတွေ နဲ့ နောက်ကွယ်ကအကြောင်းတွေ,လျှို့ဝှက်ချက်တွေ..........စတဲ့အကြောင်းတွေကိုpsychological thrillerဆန်ဆန်ရိုက်ကူးထားတဲ့ဇာတ်ကားတစ်ကားကိုကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ File size…    3.6 GB /  1.3 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 35m Genre ..... Crime / Drama / Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Hein Tayza Translated by Paing
movie

What the Peeper Saw (1972)

Challengers (2024)
Challengers (2024)  ဒါကတော့ အားကစား အခြေပြု သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်း ဒရာမာ ရုပ်ရှင်ပါ။ မင်းသမီးကတော့ စပိုက်ဒါမန်း တို့ Greatest Showman, Dune တို့နဲ့ လူသိများတဲ့ Zendaya ပါပဲ။ ဒီရုပ်ရှင်ထဲ ကလေးတွေ အမြင်မသင့်တော်တာတွေ ပါတာ‌တော့ သတိပေးထားချင်ပါတယ်။ဇာတ်လမ်းအကျဉ်း နာမည်ကျော်တင်းနစ်ကစားသမား အာ့ ဒေါ်နယ်ဆင်ဟာ အသက်အရွယ်ရလာပြီး ရှုံးပွဲတွေ များလာရာကနေ ယူအက်စ်အိုးပင်းချန်ပီယံ ဖြစ်လာဖို့ ပြန်ကြိုးစားနေတဲ့ သူပဲဖြစ်ပါတယ်။ သူ့ရဲ့ မိန်းမ တာရှီဒေါ်နယ်ဆင်ကတော့ အရင်က တင်းနစ်လူငယ်ပါရမီရှင်ဖြစ်ခဲ့ပေမဲ့ ဒဏ်ရာကြောင့် အနားယူလိုက်ရပြီး အာ့ ရဲ့ နည်းပြအဖြစ်ပဲ လုပ်ပေးနေတော့တာ ဖြစ်ပါတယ်။ သူတို့လင်မယား ကမ်းဘက်ဖို့ ကြိုးစားတဲ့ပြိုင်ပွဲမှာ နောက်ဆုံးဖြတ်ကျော်ရမှာက တာရှီရဲ့ ရည်းစားဟောင်း၊ အာ့ရဲ့ အချစ်ဆုံးသူငယ်ချင်းဟောင်း ပက်ထရစ်စဖိုက်ပဲ ဖြစ်နေပါတယ်။ သူတို့သုံးယောက် အတိတ်က ဖြစ်ခဲ့တဲ့ပြဿနာတွေနဲ့ တင်းနစ်ကွင်းထဲမှာ ဘယ်လို ဆက်ဖြေရှင်းကြမလဲဆိုတာကို ပြထားတာပါပဲ။ ...
movie

Challengers (2024)

[21+]My Usually Quiet Roomate[SSIS-282 ]
[21+]My Usually Quiet Roomate[SSIS-282 ] [21+]My Usually Quiet Roomate[SSIS-282 ]JAV လောကမှာ မော်ဒယ်များစွာရှိတဲ့အနက် ဒီကောင်မလေးကတော့ တစ်မျိုးလေးပါ ချောတယ်လှတယ်ကိတ်တယ်ဆိုတာထက် ချစ်စရာလေးပါလားဟဆိုပြီးဖြစ်မယ့် ကောင်မလေးပါပဲ နာမည်လေးကတော့ Kasui Jun ပါတဲ့မကိတ်ဘူးဆိုပေမယ့် ငါးရံ့ကိုယ်လုံးလေးလို ဖုသင့်တာဖုဖောင်းသင့်တာဖောင်းလေးမို့ ညိုကီတို့သဘောကျ ဖြူဖြူဖွေးဖွေးသွယ်သွယ်လျလျကောင်မလေးတစ်ယောက်ပါပဲဇာတ်လမ်းလေးကလည်း သူ့ရုပ်ရည်လေးနဲ့လိုက်ဖက်တဲ့ စာကြိုးစားပြီး စာဖတ်ဝါသနာပါတဲ့ကောင်မလေးနေရာကနေ သရုပ်ဆောင်ထားပြီး စာဂျပိုးလေးရဲ့ ဝတ္ထုတွေဖတ်ပြီး စိတ်ကူးယဉ်မိရာက ဆရာ့ကိုဘယ်လိုအထာပေးပြီး ဘယ်လိုဇာတ်လမ်းဆက်မလဲဆိုတာတော့ ပရိသတ်ကြီးပဲ ဆက်လက်ရှုစားနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်(Dark Side Production မှ တင်ဆက်သည်။) Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegram https://t.me/Darksideproductionmm မှာ Join ထားပေးကြပါ။ File size… 3.1GB / 1.2GB Quality…WEB RIP 1080p / 720p Format…mp4 Duration….2h 32mins Subtitle….Myanmar Subtitle (Hard Sub) Encoder….XCross Translated by Andrew Mason
movie

[21+]My Usually Quiet Roomate[SSIS-282 ]

2021
Light (2024)
Light (2024)  ပရိသတ်ကြီးအတွက် သည်းထိပ်ရင်ဖို အာကာသ ဇာတ်လမ်းတစ်ခု တင်ဆက်ပေးလိုက်ပါတယ် low-budget ဆိုပေမယ့် ဇာတ်လမ်းက စိတ်ဝင်စားဖို့ကောင်းတာမို့ ကြည့်ပျော်မှာပါအနာဂတ်ကာလဂြိုဟ်တွေမှာ လူသားတွေ ရပ်တည်နေထိုင်နိုင်တဲ့အချိန်မှာ အမည်မသိ ဂြိုဟ်တစ်ခုပေါ်မှာ ယာဥ်တစ်စင်းပျက်ကျနေတယ်Tallie ဆိုတဲ့ မိန်းမငယ်လေးက နောက်ထပ်အသက်ရှင်ကျန်သူ Niu ဆိုတဲ့ မိခင်တစ်ယောက် ရှိနေတာကို သိလိုက်တဲ့အခါ မြူဆိုင်းကာ အမှောင်ဖုံးနေတဲ့ နေရာမှာအလင်းရောင်က သူတို့အတွက် အန္တရာယ်ဖြစ်နေတာပါ သိသွားပါတယ်သတ္တဝါတစ်မျိုးက အလင်းရောင်ကို အာရုံခံပြီး တိုက်ခိုက်နေတာပါပဲ... အမှောင်ကနေ သူတို့တစ်ယောက်နဲ့ တစ်ယောက် ဆုံနိုင်မှာလား Niu ရဲ့ သားလေးကိုရော ရှာတွေ့နိုင်ပါ့မလားနောက်ကွယ်က လျှို့ဝှက်ချက်က ဘာများဖြစ်မလဲဆိုတာ စိတ်လှုပ်ရှားဖွယ် ကြည့်ရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ် File size…(1.2 GB)/(632 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Science Fiction, Horror, Thriller  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan 
movie

Light (2024)

In Dreams (2023)
In Dreams (2023)  ဒီကားကတော့ Psychological, Thriller ဇာတ်ကားလေးတစ်ကားပါ။ဇာတ်လမ်းအညွှန်းကတော့ အယ်လ်မာဟာ ငယ်စဉ်ကတည်းက စိတ်ရောဂါအခံရှိတာမို့လို့ ဆယ်ကျော်သက်အရွယ်ကတည်းက ဆေးတွေအမြဲသောက်ရတာပါ။ ဒီလိုနဲ့ သူအရွယ်ရောက်လာတဲ့အချိန် တစ်ရက်မှာတော့ သူ့အဖိုးဟာ အသတ်ခံလိုက်ရပါတယ်။ သူ့မိဘတွေမရှိတော့ကတည်းက သူ့ကိုစောင့်ရှောက်ခဲ့တာဟာ အဖိုးပဲရှိတာမို့လို့ သူ့ရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေဟာ ပိုပြီးဆိုးရွားလာ‌တာပေါ့။ ဒါ့ကြောင့်ပဲ သူနဲ့ သူ့ရဲ့ခင်ပွန်းဟာ စိတ်ပြေလက်ပျောက်ဖြစ်ဖို့အတွက် ငယ်ဘဝကအမြဲသွားခဲ့တဲ့ ရေကန်ငယ်နားက အိမ်တစ်လုံးကိုအနားယူဖို့သွားပါတယ်။အဲဒီမှာ သူမသိခဲ့တာကတော့ သူ့အဖိုးဆုံးခဲ့ရခြင်းရဲ့ အကြောင်းအရင်းက အဲဒီနေရာအထိကိုလိုက်ပါလာခဲ့တာပါ။ ဒီတော့ ဘာတွေ‌ဆက်ဖြစ်မလဲဆိုတာကိုတော့ ကြည့်ရှုခံစားပေးကြပါဦး။ File size…(964 MB)/(434 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre...Thriller, Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mastero
movie

In Dreams (2023)

Fatum (2023)
Fatum (2023)   ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၃ ခုနှစ်ထွက် စပိန်စကားပြော crime,drama အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်....ဒီရုပ်ရှင်ကဆုတစ်ဆုရရှိထားပြီး ဇကာတင်ဆုငါးခုရရှိထားပါတယ်...ဇာတ်လမ်းကတော့ မိသားစုနှစ်ခုအပေါ်အခြေခံပြီးရိုက်ကူးထားပါတယ်....ပထမမိသားစုကတော့ လောင်းကစားသမား ဆာဂီယိုနဲ့လစ်ဒီယာတို့ပါ...ဆာဂီယိုကလောင်းကစားမပြတ်နိုင်တဲ့အတွက်လစ်ဒီယာကကွဲချင်နေတာပါ...တစ်ရက်ကျဆာဂီယိုကသားနဲ့သမီးကိုလိုက်ပို့ရင်း နောက်ဆုံးအနေနဲ့ဘောလုံးပွဲလောင်းဖို့သွားခဲ့ပါတယ်...ဒါကိုလစ်ဒီယာသိသွားပြီးသူမလည်းလောင်းကစားရုံကိုရောက်ရှိလာပါတယ်....သူတို့လင်မယားချင်းပြဿနာတက်ပြီး ဆိုင်ထဲကပြန်ထွက်ဖို့အလုပ်မှာပဲ လောင်းကစားဆိုင်ထဲကိုဓားပြတွေဝင်လာပြီး ဓားပြတိုက်ပါတော့တယ်....နောက်မိသားစုတစ်စုကတော့ ရဲအရာရှိပါဘလိုတို့မိသားစုပါ...ပါဘလိုရဲ့သားလေးဟာနှလုံးအစားထိုးကုသဖို့လိုအပ်နေသူပါ....အဲ့တော့ခုနကဓားပြတိုက်တဲ့နေရာကဓားစာခံတွေကိုကယ်ထုတ်ဖို့ပါဘလို‌လည်းရောက်ရှိလာခဲ့ပါတယ်... ရုပ်ရှင်ရဲ့နာမည်ကတော့ fate ကံကြမ္မာလို့အမည်ရပါတယ်...ဘယ်လိုကံကြမ္မာအလှည့်အပြောင်းတွေဖြစ်မလဲဆိုတာဆက်လက်ကြည့်ရှူကြပါခင်ဗျာ..... File size…(1.4 GB)/(725 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Crime, Thriller, Drama  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM
movie

Fatum (2023)

3 Bed, 2 Bath, 1 Ghost (2023)
3 Bed, 2 Bath, 1 Ghost (2023)  အန်နာက အိမ်ခြံမြေအကျိုးဆောင်လိုင်စင်ကို ရတာမကြာသေးဘဲ မိသားစုစီးပွားရေးဖြစ်တဲ့ သူမဖခင်ရဲ့ အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီမှာ ဝင်လုပ်ပါတယ်။ ပထမဆုံးအလုပ်အနေနဲ့ သူမရဲ့ဖခင်က သက်တမ်းကြာပြီဖြစ်တဲ့ အိမ်ကြီးတစ်အိမ်ကို ပြင်ဆင်ရောင်းချဖို့အတွက် တာဝန်ပေးလိုက်ပါတော့တယ်။ သူမအနေနဲ့ ထိုအိမ်ကြီးကို ၂ ပတ်အတွင်း ပြင်ဆင်ရမှာဖြစ်ပြီး အိမ်ကို ရောင်းထုတ်ရမှာပါ။ အိမ်ကြီးကိုထိန်းသိမ်းထားပေမယ့် လူမနေတာ နှစ်ပေါင်း ၇၀ နီးပါးလောက်တော့ရှိနေပါပြီ။ ငါးကြိမ်တိတိ အိမ်ကို ရောင်းဖို့ပြင်ဆင်ကြော်ငြာခဲ့ဖူးပေမယ့် တစ်ခါမှရောင်းမထွက်ပါဘူး။အန်နာအနေနဲ့ ထိုအိမ်ကို ရောက်ရောက်ချင်းနေ့မှာပဲ ရူဘီဘိတ်ကာလို့ခေါ်တဲ့ အိမ်ပိုင်ရှင်သရဲကို တွေ့လိုက်ရပါတော့တယ်။ ရူဘီက ၁၉၂၀ ပြည့်နှစ်တွေမှာ ခေတ်ဆန်ပြီးရေပန်းစားသူတစ်ယောက်ဖြစ်ကာ သူမရဲ့ ၂၅ နှစ်ပြည့်မွေးနေ့မှာ သေဆုံးခဲ့ရတာဖြစ်ပါတယ်။ နှစ်ပေါင်း ၁၀၀ ကြာသည်အထိ သူမရဲ့အိမ်ကြီးမှာပဲ နေထိုင်ကာ သူမကို ဘယ်သူကမှ မမြင်တွေ့ဖူးပါဘူး။ အန်နာက သူမကို ပထမဆုံးမြင်တွေ့သူဖြစ်တဲ့အတွက် သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုဆက်နွယ်မှုမျိုးရှိနေမှာလဲ။ ရူဘီကရော ဘာလို့ နှစ်ပေါင်း ၁၀၀ ကြာလောက်တဲ့အထိ ...
movie

3 Bed, 2 Bath, 1 Ghost (2023)

Knox Goes Away (2024)
Knox Goes Away (2024)  Knox goes away ဆိုတဲ့ကားလေးကတော့ 2023 မှာထွက်ရှိထားပြီး နာမည်ကြီးမင်းသား Michael Keaton နဲ့ James Marsden တို့ပါဝင်ထားတဲ့ Thriller ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ကြေးစားလူသတ်သမားတစ်ယောက်က သူဟာရူးသွပ်ပြီးမှတ်ဉာဏ်ပျောက်တဲ့ရောဂါကို ခံစားနေရကြောင်းမထင်မှတ်ထားစွာသိရှိလိုက်ရပါတယ်။ဘဝကိုအထီးကျန်စွာဖြတ်သန်းနေခဲ့တဲ့သူမလို့ သူလုပ်စရာရှိတဲ့ကိစ္စတွေလုပ်ပြီးရင် အဝေးကိုအေးဆေးပဲထွက်သွားလိုက်တော့ဖို့စီစဉ်ထားခဲ့ပေမယ့် အဆက်သွယ်ပြတ်နေတာကြာပြီတဲ့ သားဖြစ်သူက ပြဿနာရှာမိပြီး သူ့ကိုလာရှာအကူအညီတောင်းတဲ့အခါ သူဟာရူးသွပ်နေတဲ့ရောဂါလက္ခဏာကိုအန်တုလို့ အသိစိတ်မပျောက်ခင် သားဖြစ်သူကိုကူညီကယ်တင်ရဖို့ဖြစ်လာခဲ့ပါတော့တယ်။ File size…(1.3 GB)/(698 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Thriller, Crime  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Lycoris
movie

Knox Goes Away (2024)

Man of the House (2005)
Man of the House (2005)  တက္ကဆက်မြို့က အမှုတခုအကြောင်းအပေါ်အခြေခံထားပြီး မှုခင်းဆန်ဆန်ဇာတ်အိမ်မျိုးကိုမှ ဟာ‌သ‌‌လေးတွေနှောထားတဲ့ ဇာတ်ကားလေးပါ၊ဒီကားမှာ မင်းသားကြီး Tommy Lee က ရိန်းဂျားတပ်ဖွဲ့က ဆာဂျင် ရိုလန်ရှက်ဖ်အနေနဲ့ ပါဝင်သရုပ်ဆောင်ထားပြီး တာဝန်ကလွဲပြီး ဘာကိုမှမသိတဲ့ ရှေးရိုးစွဲ ဘုကလန့်လူကြီးတ‌ယောာက်ပါ၊တဖက်မှာလည်း ဘဝကိုပေါ့ပေါ့ပါးပါးနဲ့နေတတ်တဲ့ Cheerleaders ကောင်မလေး၅ယောက်က မထင်မှတ်ဘဲ လူသတ်မှုတခုကို မျက်မြင်‌‌တွေ့လိုက်ရပြီး အမှုရဲ့အရေးကြီးတဲ့ သက်သေတွေဖြစ်လာခဲ့ပါတယ်၊ဒီမျက်မြင်သက်‌သေကောင်မလေးတွေကိုကာကွယ်ဖို့တာဝန်က ရှက်ဖ်တယောက်အ‌ပေါ်ကျလာပါ‌‌တော့တယ်၊အကျင့်စာရိုက်ချင်းမတူတဲ့ ရှက်ဖ်နဲ့ကောင်မလေး‌တွေ တွေ့ကြတဲ့အခါမှာ အဆင်ပြေကြပါ့မလား၊ ရှက်ဖ်တယေက်က‌ကော ကောင်မလေးတွေ အ‌ဆုံးထိကာကွယ်‌ ပေးသွားပြီး လူသတ်သမားကိုဖမ်းမိသွားမလား ဘာတွေဆက်ဖြစ်သွားမလဲဆိုတာကို စိတ်ဝင်စားဖွယ်စောင့်ကြည့်သွားရမှာပါ File size…(1.8 GB)/(980 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Comedy, Action Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Min Thway 
movie

Man of the House (2005)

The Beat That My Heart Skipped (2005)
The Beat That My Heart Skipped (2005)  သောမတ်စ်ဆေယာဟာ ပီယာနိုတီးရာမှာပါရမီပါတဲ့လူတစ်ယောက်ပါ ဒါပေမဲ့ သူ့အမေဆုံးသွားပြီးကတည်းက ပီယာနိုမတီးဖြစ်ခဲ့တော့ပဲ သူ့အဖေရော့ဘတ်ရဲ့အသက်မွေးဝမ်းကြောင်းအလုပ်ဖြစ်တဲ့ အိမ်ခြံမြေရောင်းဝယ်ရေးအလုပ်ကိုပဲလုပ်ကိုင်ခဲ့ပါတယ် သူတို့လုပ်တဲ့အလုပ်ဆိုတာကလည်း ဖြူဖြူစင်စင်သန့်ရှင်းရှင်းမဟုတ်ဘဲ ဒုစရိုက်ဆန်ပါတယ်တစ်ရက်မှာ သူ့အမေရဲ့မန်နေဂျာအဖြစ်လုပ်ကိုင်ခဲ့သူ မစ္စတာဖော့ခ်စ်နဲ့ပြန်လည်တွေ့ဆုံပြီး ဖော့ခ်စ်က တွမ်မှာပါရမီပါတာကိုသိတာကြောင့် လူရွေးပွဲဝင်ပြိုင်ဖို့ကမ်းလှမ်းခဲ့ပါတယ် မိခင်ဆုံးသွားပြီးကတည်းက ပီယာနိုမတီးဖြစ်တော့တဲ့ တွမ်တစ်ယောက် နှစ်တွေအကြာကြီးနေမှပီယာနိုပြန်တီးရတဲ့အခါ သူ့ကိုအနီးကပ်လေ့ကျင့်ပေးဖို့ဆရာမလေးတစ်ယောက်ကိုငှားရပါတော့တယ်တွမ်တစ်ယောက် ဒုစရိုက်ဆန်တဲ့အလုပ်ကိုစွန့်လွှတ်ပြီး အေးဆေးသာယာစွာပဲ ပီယာနိုလေးတီးရင်းဖြတ်သန်းမယ်ကြံကာမှ သူ့အဖေရဲ့ကိစ္စတွေလိုက်ဖြေရှင်းပေးရတဲ့အခါ...... File size…(2 GB)/(988 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre...Music, Drama, Crime  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane 
movie

The Beat That My Heart Skipped (2005)

The Child (2005)
The Child (2005)  Dardenne brothers ရိုက်ကူးခဲ့တဲ့ ပြင်သစ်စကားပြော ဘယ်လ်ဂျီယံရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ်။ဘရူနိုနဲ့ ဆိုနီယာတို့က အလုပ်ရယ်လို့ မယ်မယ်ရရမရှိဘဲ ဘ၀ကိုကြုံသလိုဖြတ်သန်းနေတဲ့ စုံတွဲလေးတစ်တွဲ။ သူတို့တွေ အတူနေရင်း ကလေးလေးတစ်ယောက်ရလာရော။ကလေးအတွက် စရိတ်စကရော နေရာထိုင်ခင်းပါ အဆင်မပြေတဲ့အဆုံး ဘရူနိုတစ်ယောက် ကြံမိကြံရာကြံရင်း ရက်သားကလေးလေးကို မွေးစားဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ရောင်းစားလိုက်မိတယ်။ ဒီမှာပဲ သူတို့စုံတွဲ စကားတွေများကြပြီး ပြဿနာတွေကြီးထွားလာခဲ့ပါတယ်။(အညွှန်းနဲ့ ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(2.1 GB)/(1.1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Pyae Phyo
movie

The Child (2005)

Monster (2023) 5.0

Monster (2023)

The Seasons S5: Zico’s Artist (2024) 5.5
The Seasons S5: Zico’s Artist (2024) The Seasons S5: Zico's Artist (2024)*************************************အပိုင်းသစ် (၄) တစ်နေ့တာရဲ့ စိတ်ညစ်မှု၊စိုးရိမ်သောကတွေကို သီချင်းတွေနဲ့ဖယ်ရှားပေးဖို့အတွက် " 𝙏𝙝𝙚 𝙎𝙚𝙖𝙨𝙤𝙣𝙨 " ဆိုတဲ့ ဂီတအစီအစဥ်လေးက𝗦𝗲𝗮𝘀𝗼𝗻 𝟱 နဲ့အတူ ပရိသတ်ရှေ့ကို ပြန်လည်ရောက်ရှိလာပါပြီ။Season 5 မှာတော့ အဆို၊အက၊အရေး၊ Rap စွယ်စုံထူးချွန်ပြီးနာမည်ကြီး Hit songs များရဲ့ ပိုင်ရှင် 𝗭𝗜𝗖𝗢 က MC အဖြစ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။"𝗧𝗵𝗲 𝗦𝗲𝗮𝘀𝗼𝗻𝘀: 𝗔𝗿𝘁𝗶𝘀𝘁 𝘄𝗶𝘁𝗵 𝗭𝗶𝗰𝗼 " ဆိုတဲ့ Season 5 မှာလည်းနာမည်ကျော်အနုပညာရှင်များရဲ့ သီချင်းပေါင်းများစွာကိုတစ်နေရာထဲမှာ နားဆင်ရမှာပဲဖြစ်ပါတယ်။【" ဘဝက တိုတောင်းပြီး အနုပညာက ထာဝရ။" ဂီတရဲ့ အရှေ့မှာ ငါတို့အားလုံးက အနုပညာရှင်တွေပဲ"】 ဆိုတဲ့Zico ရဲ့ သီချင်းစာသားထဲကလိုမျိုး သီချင်းများနဲ့ လိုက်ပါစီးမျောပြီးအနုပညာရှင်တစ်ယောက်ဖြစ်စေဖို့အတွက် Channel Myanmar ကတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ (အညွှန်းကိုတော့ Htoo ...
5.5
TMDb: 5.5/10 2 votes
tv

The Seasons S5: Zico’s Artist (2024)

2023
Joy of Life (Season 2) 7.8
Joy of Life (Season 2) 2019 နှစ်ကုန်ကနေ 2020 နှစ်ဆန်းအထိ ထုတ်လွှင့်ခဲ့တဲ့ Joy Of Life Season 1 ရဲ့ အဆက်ဖြစ်တဲ့ Season 2 ကိုတော့ ဒီနေ့မှာ စကြည့်ရတော့မှာပါနော်ဒီ Season 2 မှာတော့ Season 1 တုန်းက ယန်ပင်းယွင်နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Xiao Zhan နဲ့ ယဲ့လင်အာနေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Han Jiu Nuo က လွဲလို ကျန်တဲ့ဇာတ်ကောင်တွေအားလုံးက Season 1 က အတိုင်း ပြန်ပါလာတာမို အရင် Season 1 တုန်းကလို ရသအပြည့်နဲ့ ကြည့်ရဦးမှာပါဇာတ်လမ်းအညွှန်း အရင် Season 1 ရဲ့ ဇာတ်သိမ်းပိုင်းမှာ မင်းသား ၂, မင်းသမီးကြီးနဲ မင်းအိမ်တော်တို ပူးပေါင်းသွားတဲ့အပြင် ဖန့်ရှန်ကို သူတိုဘက်တော်သားဖြစ်အောင် သိမ်းသွင်းဖိုဖန့်ရှန်ရဲ့ ဆရာဖြစ်သူ ဖေ့ကျဲ့, ထန်ကျစ်ကျင်းရဲ့ သားလေးအပြင် ဖန့်စစ်ကျယ်တိုနဲ့ အကျပ်ကိုင်ပြီး ...
7.8
TMDb: 7.8/10 51 votes
tv

Joy of Life (Season 2)

2019
Maxton Hall – The World Between Us (2024) 8.4
Maxton Hall – The World Between Us (2024) Maxton Hall – The World Between Us ( 2024 ) ========================================ဒီစီးရီးကတော့ ကျွန်တော်တို့ဒရာမာပေါင်းစုံမှာ မြင်နေရတဲ့ ထိတ်ထိတ်ကြဲလူချမ်းသာ လူဘော်ကြော့ သူဌေးသားနဲ့ ရိုးသားကြိုးစားဆင်းရဲတဲ့ ကျောင်းသူမလေးတို့ကြားက ဒရာမာတွေကို အခြေတည်ထားတဲ့ စီးရီးပဲ။ ကောင်လေးရယ် ကောင်မလေးရယ် ခြားထားတဲ့ ကမ္ဘာတွေရယ်ပေါ့။ ထူးတာက ဒီစီးရီးက ကျွန်တော်တို့မြင်နေကျ နိုင်ငံတွေက စီးရီးတော့မဟုတ်ဘူး။ ဂျာမနီက ထုတ်တဲ့စီးရီး။ ဒါကြောင့်မို့ပဲ ထူးခြားသွားလို့လားတော့မသိ Maxton Hallစီးရီးဟာ အမေဇုန်ပရိုင်းရဲ့ ကြည့်ရှုသူအများဆုံးစီးရီးစာရင်းထဲ နိုင်ငံပေါင်း၁၂၀မှာ ထိပ်ဆုံးမှာ ရောက်နေတယ်။ ဂျာမနီစာရေးဆရာမMona Kastenရဲ့ Save Me ဆိုတဲ့ စာအုပ်ကိုပဲ ပြန်ရိုက်ထားတယ်။ လက်ရှိမှာ Season 1 ထွက်ရှိထားပြီး အောင်လည်းအောင်မြင်နေတာမို့  Season 2ပါ ဆက်ထွက်ဖို့ ပရိုင်းက မီးစိမ်းပြထားတယ်။ဇာတ်လမ်းကတော့  Pride and Prejudice, ...
8.4
TMDb: 8.4/10 132 votes
tv

Maxton Hall – The World Between Us (2024)

2024
Men In love
Men In love Hu Yi Tian နဲ့ Liang Jie ရဲ့ လူငယ်အချစ်ဇာတ်လမ်းလေးလာပါပြီ။ စည်းကမ်းကြီးပြီး ဝီရိယရှိပြီးကြိုးစားတဲ့ မဂ္ဂဇင်းအယ်ဒီတာချုပ်ဖြစ်တဲ့ ယဲ့ဟန်ဟာ ချစ်စရာကောင်းပြီးကပျက်ကချော်နိုင်တဲ့အားကစားဆရာမလေးလီရှောင်းရှောင်းကို တိုက်တိုက်ဆိုင်ဆိုင် အခက်အခဲတွေကနေကူညီပေးမိတယ်။ အတိတ်ကအဖြစ်အပျက်တွေကြောင့် အချစ်ဆိုတဲ့အဆင့်ထိသွားဖိုခက်ခဲနေကြတယ်။ စိတ်အားထက်သန်ပြီးတော့တည့်တိုးဆန်တဲ့ မဂ္ဂဇင်းထုတ်ဝေသူ ရွှကျားချန်ဟာ အရင်တုန်းကလက်တွဲလုပ်ဖူးတဲ့ မော်ဒယ်ထုံယီဝမ်နဲ့ပြန်ဆုံခဲ့တယ်။သူတိုနှစ်ယောက်ဟာ အချစ်ရေးနဲ့အလုပ်အကိုင်ကို မျှတနိုင်ဖိုကြိုးစားနေကြတယ်။ သူတို(၄)ယောက်ရဲ့ပတ်သက်မှုက ရှောင်းရှောင်းကကျားချန်ကိုတိတ်တခိုးချစ်နေမိတဲ့အတွက် ရှုပ်ထွေးလာပြီးစစ်သပ်မှုတွေနဲ့ပြည့်လာခဲ့တယ်။ ယဲ့ဟန်ဟာရှောင်းရှောင်းအားငယ်နေချိန်မှာ အမြဲစောင့်ရှောက်ပေးခဲ့တော့နောက်ဆုံးမှာ ရှောင်းရှောင်းကယဲ့ဟန်ရဲ့အချစ်ဒဏ်ရာတွေပျောက်သွားအောင်လုပ်ပေးနိုင်သွားပါတယ်။ အဲဒီအချိန်မှာပဲ ကျားချန်နဲ့ယီဝမ်ကစမ်းစစ်မှုတွေကိုကျော်ဖြတ်နိုင်သွားခဲ့တယ်။ လူငယ်စုံတွေလေးတွေကြုံတွေ့တတ်တဲ့အခက်အခဲတွေနဲ့ အချစ်အကြောင်းကိုဖော်ကျူးထားတဲ့ ဒရာမာလေးကိုစောင့်ကြည့်လိုက်ပါဦးနော်။ ====================================Quality : WEB-DL 1080p , 720p Total Episodes : 40 Format : mp4 Genres : Romance, Drama Runtime : 45 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Nu Mon Encoded by LK===================================== Ep 1 (720p) - Yoteshin/ Userdrive/ Megaup/ ...

Men In love

2024
The Girls on the Bus (2024) 6.6
The Girls on the Bus (2024) The Girls on the Bus (2024) ===================== IMDb Rating - 6.6/10စီးရီးနာမည်လေးက ရိုးသလိုလိုနဲ့ ခန့်မှန်းမရဘူးဟုတ်။ "The Girls on the Bus" ဆိုတော့ ဘာလားပေါ့။ ဇာတ်လမ်းလေးကလည်း ရိုး သလိုလိုနဲ့ မရိုးဘဲကြည့်ကောင်းတယ်ဗျ။ ရုတ်တရက် ပရိတ်သတ် ကြီးတို့က ဘက်စ်ကားနဲ့ခရီးထွက်ရင်း သရဲအခြောက်ခံရတဲ့ကားတို့ ဘာတို့ ထင်ကောင်းထင်နိုင်ပေမဲ့ တကယ်တော့ The Girls on the Bus ဆိုတာ ဒီလို။အမေရိကန်မှာ ရွေးကောက်ပွဲနီးလာလို့ မဲဆွယ်‌စည်းရုံးရေးတွေဆင်း ကြပြီဟေ့ဆိုရင် အဲဒီကိုယ်စားလှယ်လောင်းတွေအကြောင်း သတင်း ရေးရတဲ့ သတင်းဌာနအသီးသီးက သတင်းထောက်တွေက စည်းရုံး ရေးဆင်းတဲ့နေရာတွေကို နောက်ကနေ ဘက်စ်ကားနဲ့ လိုက်ပြီး သတင်း ယူရတယ်။ ဘက်စ်ကားပေါ်မှာ သတင်းစာတိုက်အစုံရဲ့ သတင်းထောက် တွေစုံပလုံစေ့ပြွတ်သိပ်ထိုးနေတာပေါ့။ အဲ့ထဲကမှ အမျိုးသမီးသတင်း ထောက်(၄)ယောက်က "The Girls on the Bus"ရဲ့ ဇာတ်ဆောင်တွေပါပဲ။ဆေဒီက ခံစားချက်အသားပေးပြီးရေးမိလို့ နိုင်ငံရေးသတင်းထောက်အဖြစ် ကနေ နာရေးသတင်းရေးတဲ့သူပဲဖြစ်သွားပြီး သူ့နေရာပြန်ရဖို့ ဒီတစ်ခေါက်မှာ အကောင်းဆုံးလုပ်ပြဖို့လိုနေတဲ့သူ။ ဂရေ့စ်က ...
6.6
TMDb: 6.6/10 1200 votes
tv

The Girls on the Bus (2024)

2024
Remember (2024)
Remember (2024) သေရာပါ မှတ်ဉာဏ် (၂၀၂၄)ထီဟာ မွေးရာပါ မှတ်ဉာဏ် စွမ်းဆောင်ရည် မြင့်မားလွန်းတဲ့လူတစ်ယောက်ပါ။ထီတို့မိသားစုဟာ ကားမတော်တဆမှုကြောင့် အမေနဲ့အစ်ကိုကို ဆုံးရှုံးခဲ့ပြီး အဖေဖြစ်သူဟာ အယ်ဇိုင်းမားရောဂါ ဖြစ်သွားပါတယ် တစ်နေ့မှာတော့ သူ့အဖေဟာအလုပ်ကနေအပြန် အလောင်းတစ်လောင်းကိုတွေ့ရာကနေ လူသတ်မှုနဲ့စွဲချက်တင်ခံလိုက်ရပါတယ်ထီဟာ သူ့အဖေအပြစ်ကင်းကြောင်းသက်သေပြဖို့ အရမ်းတော်တဲ့ရှေ့နေထွတ်စဖွန်ကိုငှားချင်ခဲ့ပါတယ် ဒါပေမယ့် ငွေမက်တဲ့ ရှေ့နေထွတ်စဖွန်ဟာ သူ့ကိုလွယ်လွယ်နဲ့မကူညီပေးခဲ့တဲ့အတွက် မှတ်ဉာဏ်ကောင်းတဲ့ ထီဟာ လောင်းကစားရုံတခုမှာသွားပြီး ပိုက်ဆံရှာနိုင်ခဲ့လို့ ရှေ့နေငှားနိုင်ခဲ့ပေမဲ့ ထီရဲ့အဖေကတော့ ရှေ့နေငှားမှ ထောင်လုံးလုံးကျသွားခဲ့ပါတယ်။ထီကတော့ ရှေ့နေတစ်ယောက် ဖြစ်အောင် ကြိုးစားခဲ့ပါတယ်။ သူ့ရဲ့မှတ်ဉာဏ်ကို အသုံးချပြီးတော့ သူ့အဖေ ထောင်ကနေလွတ်ဖို့ အမှုပြန်လိုက်နိုင်မလား ဆိုတာကတော့ “သေရာပါမှတ်ဉာဏ်”ဇာတ်လမ်းတွဲမှာပဲ ဆက်လက်စောင့်ကြည့်လိုက်ပါနော်အညွှန်းကိုတော့ Lei Wutyi Tun က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lei Wutyi Tun, Nang Mwe Kham, Fake Love တို့ပဲ ဖြစ်ပါတယ်။Genre..... Law, Mystery, Romance Quality…. 1080p | 720p File size… 700MB | 300MB Format… mp4 Duration…. ...

Remember (2024)

We Are (2024)
We Are (2024) သူငယ်ချင်းထက် ပိုသော (၂၀၂၄)BL CP နာမည်ကြီးတွေထဲကတစ်တွဲဖြစ်တဲ့ Pond-Phuwinရဲ့ကားသစ်ဖြစ်တဲ့ ကျောင်းသားကားblသစ်လေးထွက်ရှိလို့လာပြန်ပါပြီ။ Fish upon the sky ကနေစလို့ Never let me go အထိ အတွဲညီညီသရုပ်ဆောင်ခဲ့ကြတဲ့သူတို့ ဒီကားလေးမှာရော ဘယ်လိုတွေရိုကြချိုကြဦးမလဲ ဆိုတာကို CMနဲ့အတူ ရှုစားပေးကြပါဦး။ကျွန်တော်တို့ဘဝမှာ အပူအပင်ကင်းကင်းနဲ့ အပျော်ရဆုံးအချိန်တွေလို့ပြောရင် အရင်ဆုံးတွေးမိတာ အထက်တန်းကျောင်းသားဘဝဖြစ်ပြီး ပျော်ရွှင်မှုနဲ့ လွတ်လပ်မှုနဲ့ စိတ်ကစားခဲ့ဆုံးအချိန်ကာလကတော့ တက္ကသိုလ်ကျောင်းသားဘဝပါပဲ။အခုဒီကားလေးထဲမှာမြင်ရမှာကလည်း ဒုတိယနှစ်တက္ကသိုလ်ကျောင်းသား ဆယ်ကျော်သက်ဘဝကျွတ်ခါစ မြီးကောင်ပေါက်တစ်သိုက်အကြောင်းပေါ့။ ကျောင်းသားဘဝရဲ့ အခက်ခဲဆုံးလို့ထင်ခဲ့တဲ့ ပညာသင်ကြားချိန်တွေ၊ ပင်ပန်းလှပါပြီဆိုတဲ့ စာမေးပွဲ‌တွေ၊ အချိန်ဘယ်လောက်ပဲမပေးနိုင်ဘူးပြောပြော သူငယ်ချင်းတွေနဲ့ပျော်ခဲ့တာတွေ၊ နောက်ဆုံးအနေနဲ့ ချန်လှပ်ထားခဲ့လို့မရတာကတော့ အဖြူရောင်သံယောဇဉ်ကနေ အရောင်ပြောင်းစပြုလာတဲ့ခံစားချက်တွေနဲ့ ချစ်ခြင်းမေတ္တာတွေကို ကြည့်ရှုရမှာပါ။တခြားBLတွေနဲ့မတူတာကတော့ Side CPအတွဲတွေကလည်း မြိုင်မြိုင်ဆိုင်ဆိုင်နဲ့ အဆင်လေးတွေချည်းသက်သက်စုထားတဲ့စီးရီးလေးဆိုတော့ အောက်မေ့လွမ်းဆွတ်ဖွယ် တက္ကသိုလ်ကျောင်းသားဘဝလေးကို အဆင်ငမ်းရင်း ပြန်တမ်းတလိုက်ရအောင်ပါ။အညွှန်းကိုတော့ Mary Christ က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Mary, Char Ou, Su Myat, Laris M တို့ပဲ ဖြစ်ကြပါတယ်။Genre..... BL, Drama Quality…. 1080p ...

We Are (2024)

2024
Two Worlds (2024)
Two Worlds (2024) ကမ္ဘာနှစ်ခု (၂၀၂၄)ကမ္ဘာခြားတဲ့ချစ်ခြင်းလေးလာပါပြီနော် ခရမ် ရဲ့ချစ်ရသူ ဖူဖာ အသတ်ခံရပြီးတဲ့နောက်မှာ ခရမ်ဟာအမှတ်မထင် ကမ္ဘာတစ်ခုကိုရောက်ရှိသွားခဲ့ပါတယ်အဲဒီတစ်ဖက်ကမ္ဘာမှာတော့ ထိုင် ဆိုတဲ့ကောင်လေးနဲ့ ခရမ် ဟာ လွန်ခဲ့တဲ့ ၁၂ နှစ်က ချစ်ကျွမ်းဝင်ခဲ့တဲ့ချစ်သူတွေဖြစ်နေပါတယ်ဒါပေမဲ့ ခရမ် က ထိုင် အဖေသတ်လို့ သေခဲ့ပြီးပါပြီ ဒါပေမဲ့ တစ်ဖက်ကမ္ဘာကနေရောက်လာတဲ့ သူ့ရဲ့သေသွားတဲ့ချစ်သူနဲ့တူနေတဲ့ ခရမ် ကို ထိုင် တစ်ယောက် အမှတ်မထင် ပြန်မြင်လိုက်ရတဲ့အခါ ...ကမ္ဘာနှစ်ခုခြားနေတဲ့ချစ်သူနှစ်ယောက် ဒီကမ္ဘာမှာရော ရေစက်ပြန်ဆုံကြမလားဆိုတာကို အတူစောင့်ကြည့်လိုက်ရအောင်လားရှင်အညွှန်းကိုတော့ Shin Shin က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Shin, Cali, Noe တို့ပဲ ဖြစ်ပါတယ်။Genre..... BL, Drama Quality…. 1080p | 720p File size… 600MB | 250MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator .....  Shin, Cali, Noe Encoder ..... Aaron720pEpisode 01 - Userdrive ...

Two Worlds (2024)

2024
My Precious The Series (2024)
My Precious The Series (2024) မြတ်နိုးရတဲ့ အဖိုးတန်လေး (၂၀၂၄)ကျောင်းတော်ကြီးနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဝေးကွာနေသူတွေ အလွမ်းပြေစေဖို့အတွက် Teen dramaထဲမှာ လျှမ်းလျှမ်းတောက်‌ အောင်မြင်ခဲ့တဲ့ You are the apple of my eyesရဲ့ thai remake version‌ ဖြစ်တဲ့ My Precious ဆိုတဲ့ ထိုင်းရုပ်ရှင်ကားလေးက စီးရီးအနေနဲ့ ထွက်ရှိလာပါပြီ။ Bad Buddyထဲက Ohmနဲ့ Nanonအပြင် Dangerous romance ထဲက ဟိုက်ပါလေးChimonနဲ့ Only friendsထဲက စားဘဲလေးNeoကိုပါ ဗရုတ်သုတ်ခသူငယ်ချင်းတစ်စုအဖြစ် မြင်တွေ့ရမှာပါ။အတန်းထဲမှာ စာအတော်ဆုံးကျောင်းသားဆိုတာကို ငယ်စဉ်က‌တော့ အားကျတတ်ကြ‌ပေမဲ့ အချိန်တွေကြာတဲ့အထိ အတန်း‌ဖော်တွေ ဆရာ ဆရာမတွေအားလုံး ရင်မှာစွဲကျန်တတ်တဲ့ကျောင်းသားတွေကတော့ အတန်းထဲမှာ ဆိုးပေ့ဆိုတဲ့ ရွှတ်နောက်နောက်ဇိုးတစ်သိုက်ပါပဲ။ တုန် ဒုံ မိုင် ပေါင်နဲ့ ဘန့်ဆို‌တဲ့ သူငယ်ချင်း ၅ ယောက်ဟာ အတန်းထဲမှာ ဆရာဆရာမမှန်သမျှ လက်ရောခြေပါမြှောက်ထားရတဲ့ ဗရုတ်တစ်သိုက်ပါ။ ဒီထဲမှာမှ မနိုင်စိန်ကတော့ ခေါင်းဆောင်ကြီး တုန် ပေါ့။တစ်နေ့မှာ တုန်တို့အဖွဲ့က ထုံးစံအတိုင်း ...

My Precious The Series (2024)

2024
Law-less (2024)
Law-less (2024) ဥပဒေမရှိတဲ့ ဥပဒေသား (၂၀၂၄)P’Leeကိုတော့ အချစ်ဇာတ်ကားတွေနဲ့ အကျွမ်းတဝင်ရှိကြမှာပါ ဒီတစ်ခါမှာတော့ P’Leeနဲ့P’Namtanတိုရဲ့ မြင်နေကြနဲ့မတူတဲ့ မာဖီးယား typeမျိုးကို ကြည့်ကြရမှာပါ ပရီဖတ်ဟာ အမေဖြစ်သူ မာဖီးယားတချိုသတ်တာခံရလိုက်ရတာကို ကိုယ်တိုင်မြင်ခဲ့ပါတယ် ဝင်းဟာ မိခင်ကိုဆုံးရှုးခဲ့သော်လည်းအာဏာပိုင်တွေလက်ထဲက ဥပဒေကို မဆန့်ကျင်နိုင်ခဲ့ပါဘူး ဒါကြောင့်လည်း အမေ့အတွက်လက်စားချေမဲ့စိတ်နဲ့ ရှေ့နေဖြစ်ဖိုကြိုးစားခဲ့ပါတယ် ရှေ့နေဖရောင်နဲ့ရင်းနှီးခဲ့ပြီးနောက်မှာ ဥပဒေမဲ့တဲ့အာဏာရှင်တွေကို ဘယ်လိုတိုက်ထုတ်မလဲဆိုတာ စိတ်ဝင်တစားနဲ့ “ဥပဒေမရှိတဲ့ ဥပဒေသား”ဇာတ်ကားမှာ ကြည့်ရှုလိုက်ရအောင်ပါအညွှန်းကိုတော့ Lei Wutyi Tun က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Lei Wutyi Tun, Nang Mwe Kham, Fake Love တိုပဲ ဖြစ်ကြပါတယ်။Genre..... Action, Drama Quality…. 1080p | 720p File size… 250MB | 700MB Format… mp4 Duration…. 50min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Lei Wutyi Tun, Nang Mwe Kham, Fake ...

Law-less (2024)

2024
BEGINS ≠ YOUTH (2024) [Complete]
BEGINS ≠ YOUTH (2024) [Complete] BEGINS ≠ YOUTH (2024)**********************အပိုင်း (၁ မှ ၁၂) စ/ဆုံး ဒီ Seriesကတော့ ARMY တွေအားလုံးသိကြတဲ့ BTS UniverseSave Me webtoon ကို ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။Story line ကိုတော့ Save Me MV မှာတွေ့ဖူးကြမှာပါ။အခက်အခဲကိုယ်စီရှိကြတဲ့ လူငယ်လေး ၇ ဦးလွှတ်တော်အမတ်ရဲ့သားတစ်ယောက်လည်းဖြစ် ရုပ်ရည်ကလည်းကြည့်ကောင်းအားလုံးအမြင်မှာပြီးပြည့်စုံတဲ့ဘဝကြီးပိုင်ဆိုင်ထားရတဲ့ကောင်လေးဆိုပေမဲ့လက်တွေ့မှာ ဘဝကြီးကို အဖေပုံသွင်းတဲ့အတိုင်းနေထိုင်ရပြီးတော့ကိုယ့်ခံစားချက်ကိုထုတ်ဖော်ခွင့်မရတဲ့ Kim Hwan၊စကားသိပ်မပြောပေမဲ့ နွေးထွေးတဲ့စိတ်ထားရှိတဲ့ကောင်လေး Min Ceinအမေက သူ့အတွက်အရာရာဆိုပေမဲ့ လူတိုင်းက အမေ့ကိုသတ်ပြီးအိမ်ကိုမီးရှို့ကောင်ဆိုပြီး ​ဆိုးဝါးတဲ့ကောလာဟလတွေဖြန့်ကြတယ်။ဒီလိုကြုံတွေ့ရတဲ့သူ့အတွက် စိတ်သက်သာရာရစေတာ ပီယာနိုတီးခြင်းပါပဲ။အကကရတာနှစ်သက်ပြီး အကောင်းမြင်စိတ်ရှိတဲ့ Jung Hosu ကတချိန်တည်းက ကစားကွင်းထဲမှာ ပစ်ထားခံခဲ့ရတဲ့သူလည်းဖြစ်ပါတယ်။တာဝန်ယူစိတ်အပြည့်အဝရှိတဲ့ Kim Dogeonဆင်းရဲတဲ့မိသားစုကြောင့် စောစောစီးစီးရင့်ကျက်သူဖြစ်လာတဲ့ခဲ့တဲ့သူကျောင်းစာတစ်ဖက် အလုပ်တစ်ဖက်လုပ်နေပေမဲ့လည်းကျောင်းစာမှာလည်းအမြဲတမ်းအမှတ်ကောင်းကောင်းရနေသူ၊တောက်ပတဲ့အပြုံးလေးရှိတဲ့ Park Haruငယ်ငယ်တုန်းဖြစ်ခဲ့တဲ့ အကြောက်တရားကြောင့်သူ့ကိုယ်သူဘယ်သူလဲဆိုတာအမြဲတမ်းမေးခွန်းထုတ်နေတတ်ပြီးတော့မိသားစုတွေနဲ့အလိမ်အညာစကားတွေနဲ့ ကာကွယ်ခံထားရတဲ့သူပဲဖြစ်ပါတယ်။အရက်သမားအဖေနဲ့အတူတူနေရတဲ့ကောင်လေးတစ်ချိန်တုန်းက ကြင်နာနွေးထွေးခဲ့တဲ့အဖေဖြစ်ပေမဲ့မိခင်ဖြစ်သူ ထွက်သွားပြီးနောက်ပြောင်းလဲလာတဲ့အခါ..တစ်ချိန်က ကြင်နာတဲ့အဖေ ပြန်ဖြစ်ဖို့ မျှော်လင့်နေသေးတဲ့ Kim ...

BEGINS ≠ YOUTH (2024) [Complete]

2024
Club Friday Season 16 : Hot Love Issue, Young Love (2024)
Club Friday Season 16 : Hot Love Issue, Young Love (2024) ဖူးသစ်စ အချစ် (၂၀၂၄)မိုနစ်ရဲ့ မိဘတွေက အိမ်ထောင်မကွဲကြရုံတမယ် နေ့စဉ်နဲ့အမျှ ရန်ဖြစ်နေကြပြီး သမီးဖြစ်သူကိုလည်း ဂရုမစိုက်ပေးဘဲ ပိုက်ဆံပေးထားရင်ပြည့်စုံပြီပဲလို့ပဲသတ်မှတ်ထားကြတာဖြစ်သလိုကျောင်းမှာလည်း မိုနစ်ကို ခင်မဲ့သူငယ်ချင်းတစ်ယောက်မှမရှိဘဲ လိုက်နှောက်ယှက်တဲ့သူတွေ အနိုင်ကျင့်တဲ့သူတွေပဲရှိပါတယ်။ ဒီလိုနဲ့ စာဂျပိုးလေးမိုနစ်တစ်ယောက်က အပေါင်းအသင်းမရှိ အားနေစာပဲဖတ်နေရင်း လိုင်းပေါ်မှာ သူနဲ့အကြိုက်တူ ဝါသနာတူတဲ့ သူငယ်ချင်းတစ်ယောက်နဲ့ခင်သွားကြပါတယ်။တစ်ယောက်အ‌ေကြာင်းတစ်ယောက် အတွင်းကျကျမသိကြဘဲ နှစ်ယောက်စကားစမြည်ပြောကြရင်း ပိုပိုပြီးရင်းနှီးလာလို့ အပြင်မှာတွေ့ဖို့ပါ ဆုံးဖြတ်လိုက်တဲ့အခါ.... ဒီလိုမျိုးလိုင်းပေါ်ကခင်မင်မှုကနေ ဘယ်လိုမထင်မှတ်ထားတဲ့အရာတွေဖြစ်လာမှာလဲ.....မိုနစ်တစ်ယောက် သူ့ရဲ့အွန်လိုင်းသူငယ်ချင်းနဲ့ ဘယ်လိုရှေ့ဆက်ဖြစ်သွားမှာလဲ.... ဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုချင်ရင်တော့ Club Friday Season 16: Young Love ဆိုတဲ့ဇာတ်ကားလေးကို အားပေးကြည့်ရှုနိုင်ပါတယ်။အညွှန်းကိုတော့ Kim က ရေးထားပေးပြီးတော့ ဘာသာပြန်ထားတာကတော့ Kim, Su Myat, Blue တို့ပဲ ဖြစ်ကြပါတယ်။Genre..... Drama Quality…. 1080p | 720p File size… 550MB | 200MB Format… mp4 Duration…. 40min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Encoder ..... Aaron720p Episode 01 ...

Club Friday Season 16 : Hot Love Issue, Young Love (2024)

2024
In Cold Blood (2024)
In Cold Blood (2024) In Cold Blood (2024)**********************အပိုင်းသစ် (၈၄) အပူအလောင်လေးတွေပါမှ ကြည့်ရတာ အရသာရှိပါတယ်ဆိုတဲ့သူတွေအတွက်အလောင်တစ်လိုင်း ဇာတ်ကားသစ်လေးလာပါပြီ။မိဘတွေရဲ့ကွာရှင်းမှုကြောင့် တစ်ယောက်တစ်နေရာစီ ကွဲသွားခဲ့ကြတဲ့ ညီအစ်မနှစ်ယောက်ဟာအနှစ်၂၀အကြာမှာ တစ်ယောက်ကိုတစ်ယောက် မသိတဲ့ ဆက်ဆံရေးအဖြစ်ပြန်တွေ့ဖို့ ဖြစ်လာကြတဲ့အခါ..လောင်းကစားမက်တဲ့အမေ​ကြောင့် ဘဝပျက်ခဲ့ရတဲ့ ညီမဖြစ်သူ Lee HyeJi (Ha YeonJoo) ဟာအဖေ့ဘက်ပါသွားပြီး ကောင်းမွန်စွာကြီးပျင်းလာခဲ့တဲ့ အစ်မဖြစ်သူ Lee HyeWon(Lee SoYeon) ကိုမနာလိုစိတ်နဲ့အတူ မုန်းတီးမှုတွေ ပေါက်ဖွားလာပါတော့တယ်။ဒါအပြင် အစ်မဖြစ်သူက Lee HyeJi (Ha Yeon Joo) ဖောက်ပြန်ပြီးချူစားနေခဲ့တဲ့ကုမ္ပဏီပိုင်ရှင်သူဌေးကြီးရဲ့သားဖြစ်သူနဲ့ မကြာခင်လက်ထပ်ကြတော့မှာကို သိလိုက်ရတဲ့အခါ...သူ့ထက်ပိုပျော်ရွှင်ပြီး ချမ်းသာသွားမှာကို မမြင်ချင်တဲ့ LeeHyeJi တစ်ယောက် သူ့ကိုယ်သူ မိထွေးအရာနေပြီးသူ့အစ်မကို လက်မထပ်ဖြစ်အောင် ဘယ်လိုအနှောင့်အယှက်တွေပေးသွားမလဲ...Lee HyeWon ကရော သူ့ညီမမှန်းမသိဘဲ လက်စားပြန်ချေသွားမလား..ညီအစ်မနှစ်ယောက်ကြား ဘယ်လိုအရှုပ်တွေဖြစ်လာမလဲဆိုတာကို ရင်ခုန်စွာနဲ့စောင့်ကြည့်သွားရမှာပဲဖြစ်ပါတယ်။အစ်မဖြစ်သူ Lee HyeWon အနေနဲ့ကတော့ ဒုံယီကားထဲမှာ အရမ်းကြွေခဲ့ရတဲ့ မယ်မယ် Lee ...

In Cold Blood (2024)

2024
Under the Bridge (2024) 8.742
Under the Bridge (2024)  Crime , Biography ကို Rating 7.3 နဲ့အတော်လေး မြင့်တဲ့အထဲမှာပါပါတယ် ဖြစ်ရပ်မှန်ကိုအခြေခံထားပြီး လီယိုနာဒိုနဲ့တွဲရိုက်ထားတဲ့ Killer of the Flower Moonမင်းသမီးကြီး Lily Gladstone ဦးဆောင်ပါဝင်ထားပါတယ်...ဇာတ်လမ်းအညွန်းကိုပြောရရင်... ကနေဒါက ဗစ်တိုးရီးယားဆိုတဲ့ မြို့ငယ်လေးမှာ စပါတယ် မြို့လေးက မိဘမဲ့နဲ့အိမ်ရာမဲ့တွေအရမ်းများတဲ့ မြို့ငယ်လေးပါ...ဒီမြို့ငယ်လေးကို ရွှေ့ပြောင်းနေထိုင်သူအများစုနေထိုင်ကြပါတယ် အဲဒီထဲကမှ အိန္ဒိယကနေ ပြောင်းလာတာ မျိုးဆက် ၂ ဆက်ရှိပြီဖြစ်တဲ့ ဆူမန်...မန်ဂျီးတို့မိသားစုရှိပါတယ်ရီနာဟာ သူတို့မိသားစုမှာ တစ်ဦးထဲသောသမီးဖြစ်ပြီး မိသားစုကအရမ်းချစ်သလောက် သူကတော့ မိဘမဲ့ဂေဟာက လူမိုက်တွေနဲ့ပေါင်းပြီး Cool Kid ဖြစ်ချင်နေသူပေါ့...ကျောင်းမှာလည်း အရမ်းနှိမ်ခံရတဲ့အတွက် ကလေးလူမိုက်ဂိုဏ်းထဲဝင်မိလိုက်ပါတယ်...တစ်နေ့သူ့ကိုပါတီဆိုပြီး ဖိတ်လိုက်တာက တကယ်တော့ သူ့သေတွင်းဖြစ်မှန်းမသိဖြစ်နေခဲ့ပါတယ်....အုပ်စုဖွဲ့အနိုင်ကျင့်ခံရပြီး သေဆုံးသွားတဲ့ ရီနာရဲ့အမှုဟာ ဗစ်တိုးရီးယားက ရဲတွေ အာရုံစိုက်စရာဖြစ်လာပါတယ်....ရီနာရဲ့ လူသတ်တရားခံကို ရှာဖွေဖော်ထုတ်ဖို့အတွက် အရင်က ရန်ဘက်ဟောင်းတွေဖြစ်ခဲ့ဖူးတယ် ရဲမေ ကန်ဘန့်လန်နဲ့ ဂျာနယ်လစ်ရေဘက်ကာတို့ရဲ့ တာဝန်ဖြစ်လာပါတယ်( အညွှန်းနဲ့ ...
8.742
TMDb: 8.742/10 31 votes
tv

Under the Bridge (2024)

2024
Knuckles (2024) 7.729
Knuckles (2024)  Sonic the Hedgehog ထဲက နက်ကယ်လေးရဲ့ spin-off series ဖြစ်ပြီး ဒီနှစ်ကုန်ပိုင်းလောက် ထွက်ရှိမယ့် Sonic 3 မတိုင်ခင် အလွမ်းပြေအနေနဲ့ ကြည့်ရှုနိုင်ဖို့ ပူပူနွေးနွေးတင်ဆက်ပေးလိုက်ပါတယ်။ဒီ miniseries လေးမှာတော့ Sonic ရဲ့ ဘော်ဒါကြီး ဂွကျသူ အနီရောင် အီခစ်ဒ်နာလေး နက်ကယ်က ဝိတ်ကို အီခစ်ဒ်နာ စစ်သည်တော်ကောင်းတစ်ယောက်ဖြစ်အောင် လေ့ကျင့်ပေးမှာပဲဖြစ်ပါတယ်။ ဝိတ်အဖြစ် Adam Pally နဲ့ နက်ကယ်အဖြစ် Idris Elba ကပဲ အသံသရုပ်ဆောင်ထားတာဖြစ်ပြီး အပိုင်း ၆ ပိုင်းထွက်ရှိထားပါတယ်။နက်ကယ်က ကမ္ဘာမြေကြီးနဲ့ လိုက်လျောညီထွေဖြစ်အောင် ကြိုးစားနေရင်းနဲ့ ဝိတ်ကို အစ်ခစ်ဒ်နာ စစ်သည်တော်ကောင်းတစ်ယောက်ဖြစ်အောင် လေ့ကျင့်ပေးလိုက်ပါဆိုတဲ့ သူ့အကြီးအကဲရဲ့စကားကို လိုက်နာရင်း မစ်ရှင်အသစ်ကို ပြီးမြောက်အောင် လုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ ကိစ္စတွေက ထင်သလိုမဖြစ်ဘဲ နက်ကယ့်ရဲ့အစွမ်းတွေကိုယူပြီး ရောင်းစားချင်တဲ့ အေးဂျင့်အဖွဲ့က သူတို့ကို ဒုက္ခပေးဖို့ ...
7.729
TMDb: 7.729/10 120 votes
tv

Knuckles (2024)

2024
Crooks (2024) 6.6
Crooks (2024)  Netflix ရဲ့ Rating 7 နဲ့ နောက်ဆုံးထွက်ဂျာမန်ဇာတ်လမ်းတွဲဖြစ်ပါတယ်.. ရှေးဟောင်း ဒင်္ဂါးပြားတစ်ပြားကို လိုက်လုကြရင်းနဲ့ ဖြစ်လာတဲ့ ဂိုဏ်းးစစ်ပွဲတွေကြားက ဘဝနဲ့ အက်ရှင် ဒရမ်မာပိုင်းကို ကောင်းကောင်းရိုက်ပြထားပါတယ်မိသားစုနဲ့အတူဘဝကိုအေးဆေးဖြတ်သန်းနေတဲ့ ချာလီဟာ လူကောင်းတော့မဟုတ်ပါဘူး အရင်က အိမ်တွေကို ခိုးဝင်အလစ်သုတ်မှုနဲ့ထောင်ကျဖူးပါတယ်...နောက်ပိုင်းထောင်ကထွက်လာပြီး သူကျွမ်းကျင်တဲ့ သော့ပညာနဲ့ သော့ဖျက်ပညာရှင်လုပ်နေပြီး ဘယ်သော့မဆို ဖျက်ပြနိုင်တဲ့ သော့ဝိဇ္ဇာတစ်ယောက်ပါတစ်နေ့ လူမိုက်ဂိုဏ်းတစ်ဂိုဏ်းက ယူရိုသန်းချီတန်တဲ့ မီးခံသေတ္တာတစ်ခုကို ဖျက်ဖို့တာဝန်မှာ ချာလီဟာ အဓိက အရေးပါသူဖြစ်လာတဲ့အခါမှာတော့ အေးချမ်းနေတဲ့ ချာလီရဲ့ဘဝဟာက ဒီမီးခံသေတ္တာထဲက သန်းချီတန်တဲ့ပစ္စည်းတွေကို လိုက်လုနေတဲ့ ဂိုဏ်းစစ်ပွဲကြီးမှာ ပါဝင်ရပါတော့တယ်...( အညွှန်းနဲ့ဘာသာပြန်ကိုတော့ Thiha Yan Naing ကရေးသားထားပါတယ် ) File size…(1.3 GB)/(685 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:07:00 Genre...Action, Adventure, Drama, Crime  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Thiha ...
6.6
TMDb: 6.6/10 23 votes
tv

Crooks (2024)

2024
Su ji And U ri (2024)
Su ji And U ri (2024) Su ji And U ri (2024) ********************အပိုင်းသစ် ( ၃၉ )  ဂျင်ဆူဂျီဟာ ဟယ်ဒေးဆေးရုံရဲ့ စိတ်ရောဂါအထူးကုဆရာဝန်တစ်ယောက်ဖြစ်ပြီး ရသစုံရှိုးတွေမှာ လူသိများကျော်ကြားတဲ့သူလည်း ဖြစ်ပါတယ်..ဒါကြောင့် သူမဟာ ရုပ်သံထုတ်လွှင့်မှု၊ စာအုပ်ဖျော်‌ဖြေပွဲ၊ပရိသတ်လက်မှတ်ထိုးပွဲစတဲ့ ကျပ်တည်းလွန်းတဲ့အချိန်ဇယားတွေကြောင့် တစ်နေ့ကို ၃နာရီထက်ပိုမအိပ်ဖူးတဲ့သူပါ..ဒါပေမဲ့ သူမရဲ့ ပြီးပြည့်စုံတဲ့ဘဝက ချယ်အူရီဆိုတဲ့ဆရာဝန်သစ်လေးကြောင့် ပြိုလဲစပြုလာပါတယ်..ချယ်အူရီဟာ အရည်အချင်းရှိပြီး ဟာသဉာဏ်ရွှင်ပြီးတရားမျှတမှုရှိတဲ့အတွက် တခြားဆရာဝန်တွေနဲ့လူနာတွေရဲ့ယုံကြည်မှုကိုရရှိပြီး ထိပ်တန်းဦးစားပေးခံရသူဖြစ်လာပါတယ်.ဂျင်ဆူဂျီကိုတော့ သူမရဲ့အောင်မြင်မှုကိုပဲ ဂရုစိုက်တတ်တဲ့တစ်ကိုယ်ကောင်းဆန်တဲ့သူအဖြစ် မြင်လာကြပါတယ်ဒီလိုနဲ့ သူတို့ဟာ တစ်ယောက်နဲ့တစ်ယောက် ရန်သူတွေဖြစ်လာကြပါတယ်.ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုအမြင်ကြည်လာပြီး ရန်သူတွေကနေ ချစ်သူတွေဖြစ်သွားကြမလဲဆိုတာရင်ခုန်စွာနဲ့ စောင့်ကြည့်ရမယ့် ဇာတ်လမ်းတွဲလေးပဲဖြစ်ပါတယ်.. (Castတွေအနေနဲ့ကတော့ T-araအဖွဲ့ဝင် Hahm Eun Jungနဲ့Love in Eyes, Melody of loveစတဲ့ ဇာတ်ကားတွေမှာပါဝင်ခဲ့တဲ့ မင်းသား Baek Sung Hyunတို့ပဲ ဖြစ်ပါတယ်) File Size – 530MB / 271 ...

Su ji And U ri (2024)

2024
The Brave Yong Soo Jung (2024) 10
The Brave Yong Soo Jung (2024) The Brave Yong Soo Jung (2024) ****************************** အပိုင်းသစ် (၁၀)ဇာတ်လမ်းအညွှန်းယုံးဆူဂျောင်းက ဖျတ်လတ်တက်ကြွတဲ့သူတစ်ယောက်ဖြစ်ပြီးတော့ ဟုမ်းရှော့ပင်းအစီအစဥ်တင်ဆက်သူအဖြစ် နာမည်ကြီးတဲ့သူဖြစ်ပါတယ်။သူမရဲ့ရိုးသားပြီးကြိုးစားတဲ့စိတ်လေးကြောင့်လည်း အမျိုးသမီးပရိသတ်တွေအများကြီးကို ပိုင်ဆိုင်ထားရသူပါ။ဒါပေမဲ့ သူမရဲ့နေ့စဥ်ဘဝမှာတော့ အဲဒီလိုမဟုတ်ဘဲ ကောင်လေးတစ်ယောက်ကို ကြိုက်မိပြီဆိုရင် အကြည့်ချင်းလည်းမဆုံရဲသလို ခံစားချက်တွေကိုလည်းမဖော်ထုတ်ပြတတ်ပါဘူး။အဲဒါကြောင့်ပဲ သူမရဲ့ဘဝက ရိုမန့်တစ်ဆန်ဖို့အမြဲခက်ခဲနေတတ်ပါတယ်။သူမကတော့ မာဆောင်းလုပ်ငန်းစုရဲ့ ဂျူဝူဂျင်ဆိုတဲ့ကောင်လေးကို ကြိတ်ပြီးသဘောကျနေတာပါ။ယောအွီဂျူဆိုတဲ့ကောင်လေးကတော့ ဥာဏ်ရည်မသန်စွမ်းတဲ့အမေဖြစ်သူနဲ့ အတူတူနေပြီး ဆင်းရဲတဲ့ဘဝကြားကနေ အလုပ်ကြိုးစားနေတဲ့သူလေးဖြစ်ပါတယ်။သူ့ဘဝအတွက်အရေးအကြီးဆုံးကတော့ သူ့အမေပျော်ရွှင်ရဖို့ပါ။တစ်နေ့မှာတော့ သူက မာဆောင်းလုပ်ငန်းစုရဲ့ ဒုတိယမြောက်မြေးဖြစ်နေတာကို သတင်းကြေညာမှုကနေ တဆင့်သိလိုက်ရပါတယ်။ဒီလိုနဲ့ပဲ ယုံးဆူဂျောင်းနဲ့စတင်ပြီး ပတ်သတ်မိသွားပါတော့တယ်။ချွဲဟယ်ရာကတော့ တစ်ကိုယ်ကောင်းဆန်ပြီး အမြဲလောဘကြီးနေတတ်တဲ့ မိန်းကလေးတစ်ယောက်ပါ။ တစ်စုံတစ်ခုကို လိုချင်ပြီဆိုရင် လမ်းခရီးမှာဘယ်အရာတွေပိတ်ပင်နေပါစေ မရရတဲ့နည်းနဲ့ သူ့အပိုင်ဖြစ်အောင်လုပ်တတ်သူပါ။ဒီလိုနဲ့ ယုံးဆူဂျောင်းနဲ့ ချွဲဟယ်ရာအကြား ဘယ်လိုပဋိပက္ခတွေဖြစ်လာမလဲ၊လေးပွင့်ဆိုင်အချစ်ဇာတ်လမ်းအကြားမှာရော ဘယ်လိုရှုပ်ထွေးနက်နဲမှုတွေနဲ့ ရင်ဆိုင်သွားရမလဲဆိုတာကို အပတ်စဥ်တနင်္လာနေ့ကနေ သောကြာနေ့အထိ တစ်ဝကြီးကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။အဓိကဇာတ်လိုက်မင်းသမီးတွေအနေနဲ့ကတော့ မြန်မာပရိသတ်တွေနဲ့ရင်းနှီးပြီးသားဖြစ်တဲ့ The Second Husband ထဲက Uhm Hyun-Kyung, Live your Own life ထဲက Lim Ju-Eun တို့က သရုပ်ဆောင်ထားပြီး မင်းသား ...
10
TMDb: 10/10 1 votes
tv

The Brave Yong Soo Jung (2024)

2024
Dhevaprom (2024)
Dhevaprom (2024) ထည်ဝါခမ်းနား ချစ်ပုံပြင်များ (၂၀၂၄)လအွန်ကျန်၂၀၁၃ ခုနှစ် CH3ရဲ့ 46 နှစ်မြောက်အထိမ်းအမှတ်အနေနဲ့ ထွက်ရှိထားပြီး ထိတ်ထိတ်ကြဲcastတွေနဲ့ပွဲထုတ်ခဲ့တဲ့ Gentlemen of Jutathep ရဲ့ အတွဲ ၂ ကတော့ ဆယ်စုနှစ်တစ်ခုအကြာမှာ ပရိသတ်တောင်းဆိုချက်အတိုင်း ထွက်ရှိလာပါပြီ။ အရင်ဇာတ်လမ်းတွဲရဲ့အရှိန်အဝါကမသေးတာမလို့ ခုဇာတ်လမ်းတွဲမှာရော အရင်ဇာတ်လမ်းရဲ့ဂုဏ်သတင်းကို ဆက်ထိန်းထားနိုင်မလားဆိုတာ ရှုစားလိုက်ပါစို့လား။ဂျူထာထေ့ပ်မျိုးဆက်ဖြစ်တဲ့ ဖူသယ်နက် ဂျူ‌ထာထေ့ပ်က အဖိုးတန်ရတနာတစ်ပါးဖြစ်တဲ့ "အာဈနာချက္ကရာလည်ဆွဲ" ကို ထိန်းသိမ်းရဖို့ တာဝန်ယူထားရသူပေါ့။ အကြောင်းအရင်းကတော့ ဒီရှားပါးကျောက်မျက်ရတနာတွေနဲ့လုပ်ထားတဲ့ လည်ဆွဲကို ဖူသယ်နက်ပိုင်တဲ့ JT Centerမှာ ခင်းကျင်းပြသထားလို့ပါပဲ။ အဖိုးတန်ရတနာပီပီ လိုချင်သူတွေက လောကတက်သူတွေ ဒုနဲ့ဒေးမလို့ လုံခြုံရေးအထပ်ထပ်ချထားရသူပေါ့။ ဒီလူတွေထဲက တစ်ယောက်ကတော့ လအွန်ကျန်ပါပဲ။လအွန်ကျန်က ဒီလည်ဆွဲအတွက်နဲ့ပဲ ပြင်သစ်ကနေ ဘန်ကောက်ကိုပြန်လာတဲ့သူဖြစ်ပြီး လည်ဆွဲခိုးဖို့ရည်ရွယ်ချက်နဲ့ပဲ ဖူသယ်နက်ရဲ့အတွင်းရေးမှူးအဖြစ် ချဉ်းကပ်လာတဲ့အခါ... တစ်ဖက်က ဖူသယ်နက်ကလည်း အကြံသမားလေးဖြစ်တဲ့ လအွန်ကျန်ကိုမှ မြင်မြင်ချင်း အချစ်ကြီးချစ်မိလေတော့...ရန်သူဖြစ်ဖို့ကံပါပေမဲ့ မျက်ကန်းအချစ်က သူတို့နှစ်ယောက်ကြားမှာ ဇာတ်ဆရာအလိုကျ ဖြစ်တည်လာတော့ သူတို့ဘယ်လိုတွေရှေ့ဆက်ကြမလဲ Action Romance Drama အပြင် Mystery‌ လေးပါ ရောစပ်ရိုက်ကူးထားတာဖြစ်လို့ ရှုစားလိုက်ကြရအောင်ပါ။အညွှန်းကိုတော့ Mary ...

Dhevaprom (2024)

2024
Chief Detective 1958(2024)
Chief Detective 1958(2024) Chief Detective 1958(2024)*************************အပိုင်းသစ်( ၉) ဒီတစ်ခေါက် Channel Myanmar ကနေတင်ဆက်ပေးမဲ့Drama လေးကတော့Chief Detective 1958 ပဲဖြစ်ပါတယ်။ ဒီ Drama ဟာ 1971ကနေ 1989အထိကိုရီးယားနိုင်ငံအတွင်းမှာ အောင်မြင်မှုတွေများစွာရရှိခဲ့တဲ့ Chief Inspector ဆိုတဲ့ Series ရဲ့ Prequelဇာတ်လမ်းဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ကလည်း Taxi Driver မင်းသားလို့ပြောလိုက်ရင်မသိသူမရှိတဲ့ မင်းသား Lee Je Hoonနဲ့ Reply 1988 ဇာတ်လမ်းတွဲမှာ မြန်မာပရိသတ်တွေရင်းနှီးပြီးသားအတည်ပေါက်နဲ့နောက်တဲ့မင်းသား Lee Dong Hwi တို့အပြင် အခြားသောနာမည်ရသရုပ်ဆောင်များစွာလည်းပါဝင်သရုပ်ဆောင်ထားပါတယ်။ Park Young-Han (Lee Je Hoon) ဟာ ငယ်ရွယ်ထက်မြက်တဲ့စုံထောက်တစ်ယောက်ဖြစ်ပြီး သူခိုးကြမ်းပိုး ဒုစရိုက်သမားတွေကို နှိမ်နင်းတဲ့နေရာမှာတော်လွန်းတဲ့စုံထောက်တစ်ယောက်ပါ။ ဒါပေမဲ့ လူ့အဖွဲ့အစည်းအတွင်းက ပိုကြီးမားတဲ့ပြဿနာတွေဖြစ်တဲ့အကျင့်ပျက်ခြစားမှုတွေ လာဘ်ပေးလာဘ်ယူမှုတွေနဲ့ ရင်ဆိုင်ရဖို့ အကြောင်းဖန်လာခဲ့ပါတယ်။အဲဒီအခါမှာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် စုံထောက်တွေဖြစ်တဲ့Jongnamရဲစခန်းရဲ့ခွေးရူးလို့ခေါ်ကြတဲ့ Kim Sang-sun ...

Chief Detective 1958(2024)

2024

Genres

Archives